About our company

နန်းရွှေပြည်ကုမ္ပဏီသည် ၂၀၀၆ ခုနှစ်မှ နေပြည်တော် စတင်တည်ထောင်စဉ်ကတည်းက နန်းရွှေပြည် အထွေထွေရောဂါကု ဆေးခန်းလေးမှ အဆင့်ဆင့်တိုးတက်ပြောင်းလဲလာသည့် လုပ်ငန်းဖြစ်ပါသည်။ နန်းရွှေပြည်ကို ကုမ္ပဏီတစ်ခုအဖြစ် ၂၀၁၆ ခုနှစ်တွင် စတင်လည်ပတ်ခဲ့ပြီး နေပြည်တော်ကောင်စီ နယ်မြေကို သီးသန့် ဈေးကွက် အဖြစ် ဦးတည်၍ ဆေးဝါးနှင့်ဆေးပစ္စည်းများကို ဈေကွက် မိတ်ဆက်ချဲ့ထွင် ရောင်းချ ဖြန့်ချိခြင်းလုပ်ငန်းများကို ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ စတင်တည်ထောင်သူ ဖြစ်သော ဒေါက်တာ ဒေါ်နွဲ့နွဲ့ရီ M.B.,B.S. M.Med.Sc. Ph.D.(Pharmacology) ၏ လမ်းညွှန်မှုများနှင့် အညီ ခေတ်ပညာတက် မျိုးဆက်သစ်လူငယ် များ၏ ဆန်းသစ်သော အတွေးအခေါ်များ၊ နုပျိုတက်ကြွသော လုပ်အားနှုန်းများဖြင့် ပေါင်းစပ်ကာ စနစ်ကျနသော စီမံခန့်ခွဲမှု စနစ်များ၊ ခေတ်မီသော ဈေးကွက်ရှာဖွေရေးအစီအမံများဖြင့် ထိရောက်သည့် ဖြန့်ဖြူးရောင်းချရေးဝန်ဆောင်မှုများကို လက်ရှိအောင်မြင်စွာ ဆောင်ရွက်ပေးလျက်ရှိပါသည်။

About Us

Our Services

RESEARCH

နေပြည်တော် ပြည်ထောင်စုနယ်မြေအတွင်း ဈေးကွက် စမ်းသပ်မှုများပြုလုပ်ပေးခြင်း

MARKETING

နေပြည်တော် ပြည်ထောင်စုနယ်မြေအတွင်း ဈေးကွက်သိရှိမှုများအောင် Branding ပြုလုပ်ပေးခြင်းများ

DISTRIBUTION

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

REPORTING

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

လုပ်ငန်းအင်ပါယာ ချဲ့ထွင်ပါ

နေပြည်တော် ပြည်ထောင်စုနယ်မြေအတွင်း သင့်ကုန်ပစ္စည်းရဲ့ရောင်းအားကို မြှင့်တင်ပါ။

ကျွန်ုပ်တို့ရဲ့ ဝန်ဆောင်မှုများ

 
နေပြည်တော်ကောင်စီနယ်မြေအတွင်း
ကျွန်ုပ်တို့ဘက်မှ ရရှိနိုင်သော ဝန်ဆောင်မှုများ

Our Professional Activities

Digital Marketing စနစ်များ၊
နန်းရွှေပြည်၏ ကိုယ်ပိုင် Website စာမျက်နှာများ၊
အဖွဲ့ဝင် (၁) သိန်း (၄) သောင်း ကျော် ရှိသော နန်းရွှေပြည်၏ ကိုယ်ပိုင် Facebook Page ၊
အဖွဲ့ဝင် (၃) သိန်းကျော်ရှိသော နန်းရွှေပြည်ကုမ္ပဏီပိုင် ကြော်ငြာသီးသန့် Facebook Page
များတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများအကြောင်းကို သိရှိစေရန် Advertising Policies and Community Standard များနှင့်အညီ ထိရောက်ခေတ်မီစွာ ကြော်ငြာပေး၍ ဝယ်လိုအား တိုးတက်အောင် ပြုလုပ်ပေးခြင်

ကျွန်ုပ်တို့၏ အားသာချက်များ

နန်းရွှေပြည်သည် နေပြည်တော် အခြေစိုက် ဈေးကွက်နှင့်ဖြန့်ချီရေးဝန်ဆောင်မှုကုမ္ပဏီတစ်ခုဖြစ်သောကြောင့် နန်းရွှေပြည်နှင့်ပူးပေါင်းလုပ်ကိုင်ခြင်းအားဖြင့် လူကြီးမင်းတို့၏ ထုတ်ကုန်များ နေပြည်တော်ဈေးကွက်အတွင်း Brand Awareness & ရရှိစေရုံသာမက ဈေးကွက်ဖြန့်ကျက်မှုအားကောင်းလာစေရန်၊ ကျွမ်းကျင်စွာနှင့်ထိရောက် မြန်ဆန်စွာ ဖြန့်ချီနိုင်စေရန် ကူညီဆောင်ရွက်ပေးနိုင်ပါသည်။

လူကြီးမင်းတို့၏ ထုတ်ကုန်များအား နေပြည်တော်ဈေးကွက်၌ ဝယ်ယူရ လွယ်ကူစေရန်၊ ဈေးကွက်ပြတ်လပ်မှု မရှိစေရန်၊ ဈေးကွက်ဝယ်လိုအားအတိုင်း လိုအပ်သလောက် အချိန်မီ ရရှိနိုင်စေရန် ကူညီဆောင်ရွက်ပေးနိုင်ခြင်းကြောင့် ပြိုင်ဘက်များထက် သာလွန်ကောင်းမွန်သော ဈေးကွက်ဝေစုကို အချိန်တိုအတွင်း ရရှိနိုင်အောင် ကျွန်ုပ်တို့၏ ကျွမ်းကျင်သော အရောင်းအဖွဲ့များက ကူညီပံ့ပိုးပေးနိုင်ပါသည်။

နေပြည်တော်တွင် လူကြီးမင်းတို့၏ ထုတ်ကုန်များအတွက် ရာသီအလိုက် ပရိုမိုးရှင်းပွဲများ၊ အရောင်း ပရိုမိုးရှင်း ပွဲများနှင့် Branding Event ပွဲများရှိခဲ့ပါကလည်း နန်းရွှေပြည်မှ ကူညီပံ့ပိုးပေးနိုင်ပါသည်။